ကိုယ်ရေးကိုယ်တာ မူဝါဒ

KWIN App သည် အွန်လိုင်းငွေလိမ်လည်မှုကို ကြိုတင်သတိပေးသည့် Mobile App ဖြစ်သည်။

KWIN App အကြောင်း

KWIN App သည် လိမ်လည်မှု မှတ်တမ်းတင်ထားသည့် App ဖြစ်ပါသည်။

တစ်ကြိမ်မှတ်တမ်းတင်ထားရုံဖြင့် ပြည်သူများ ထပ်မံ လိမ်လည်မခံရစေရန် ကာကွယ်ပြီးဖြစ်သဖြင့် အလိမ်ခံရပါက အမြန်ဆုံးသတင်းပေးသင့်ပါသည်။

လိုအပ်သော သက်သေအချက်အလက်များ

အောက်ပါဖော်ပြပါ သက်သေအချက်အလက်များပါမှသာ စိစစ်ပြီး တင်ပေးပါသည်။

  • Facebook Groupတစ်ခုခု(သို့) နစ်နာသူအကောင့်တွင် လူလိမ်ပို့စ် တင်ထားရမည်။
  • မည့်သို့ လိမ်လည်ကြောင်း Chat Screenshot ပါရှိရမည်။
  • လူလိမ်ရဲ့ဖုန်းနံပါတ် ၊ ငွေလွှဲရမည့်နာမည် ၊ ငွေလွှဲ Transaction No. ပါရမည်။
  • နစ်နာသူကိုယ်တိုင် ဖြစ်ပါမည်။Fake Account မဖြစ်ရ။
  • ရက်ပိုင်းအတွင်း ဖွင့်သောအကောင့်မဖြစ်ရ။

အထက်ပါအချက်အလက်များကို စုံလင်မှန်ကန်မှုရှိ ၊မရှိ အတည်ပြုစစ်ဆေးပြီးမှ လိမ်လည်မှု မြောက်ကြောင်း ထင်ရှားမှသာ KWIN App တွင် ဖော်ပြပေးပါမည်။

အွန်လိုင်း ငွေလိမ်လည်မှု သတ်မှတ်ချက်

လူမှုကွန်ရက်စံနှုန်းများအရ အောက်ဖော်ပြပါလုပ်ငန်းအားလုံးကို အွန်လိုင်း ငွေလိမ်လည်မှုဟုသတ်မှတ်ထားသည်။

  • အွန်လိုင်း လောင်းကစား App
  • အွန်လိုင်း ငွေချေးလုပ်ငန်း
  • ငွေတု ရောင်း၀ယ်ရေးလုပ်ငန်း

KWIN APP နှင့်ပတ်သက်၍ သိရှိစေရန်

  • လိမ်လည်ခံရသည့်မှတ်တမ်း ၊ အကောင့်များ နှင့် အချက်အလက်ဖော်ပြပေးရန် ဖြစ်ပြီး လိမ်လည်ငွေ ပြန်လည်ရရှိရန် မလုပ်ဆောင်နိုင်ပါ။
  • KWin အဖွဲ့အစည်းသည် မည်သူကိုမှ စတင် ဆက်သွယ်မည်မဟုတ်ပဲ သတင်းပို့ချက်ကိုသာ လက်ခံရယူပါသည်။ Pay အကောင့်စစ်ဆေးပေးခြင်းများ မလုပ်ဆောင်ပါ။
  • အွန်လိုင်းငွေကြေးလိမ်လည်မှုမှ လွဲ၍ လူရင်းမှ လူတွေ့ ငွေချေးလိမ်လည်ခြင်း၊ ပြင်ပ ပစ္စည်းလိမ်လည်ခြင်း ၊ အစားအသောက်နှင့်ပစ္စည်း ညံ့ဖျင်း၍တိုင်ခြင်း ၊ စသည့်ကိစ္စများကို လိုက်လံစုံစမ်းရန် ခက်ခဲသည့်အတွက် ဖော်ပြခြင်း မပြုနိုင်ပါ။
  • လီဆယ်လုပ်ကြံတိုင်ကြားခြင်း ၊ ချောက်တွန်းခြင်းများ ဖြစ်ပေါ်နိုင်သည့်အလျောက် ချက်အလက်မစုံလင်သောတိုင်ကြားမှုများကို ဖော်ပြမည်မဟုတ်ပါ။

သုံးစွဲသူအချက်အလက်လုံခြုံရေး

  • Kwin App မှ သုံးစွဲသူများ၏ မည်သည့် Privacy Data များကို ရယူခြင်းမရှိပါ။
  • အခြား မည့်သည့် Third Party App ကိုမှ Scam Case များကို Share ပေးမည် မဟုတ်ပါ။
  • မည့်သည့် Privacy Data များကို ရယူခြင်းမရှိသည့်ကြောင့် မည့်သည့်အချက်အလက်မှ ပေါက်ကြားခြင်း မဖြစ်နိုင်ပါ။

အထူးကြေငြာချက်

  • Kwin App သည် စစ်တပ်လက်အောက်ရှိ (သို့မဟုတ်) ဆက်နွယ်နေသော မည့်သည့်ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်နွယ်မှုမရှိကြောင်း အတိအလင်းကြေငြာပါသည်။
  • မည့်သည့် အွန်လိုင်းငွေချေမှုလုပ်ငန်း (Online Payment) ၊ မည့်သည့် ဘဏ်လုပ်ငန်း(Banking System) များနှင့် ဆက်နွယ်မှု မရှိပါ။
  • Kwin App ကို ပြည်သူဘက်တော်သားများမှ အများပြည်သူများ အွန်လိုင်းငွေကြေးလိမ်လည်မှုမှ ကာကွယ်ပေးနိုင်ရန် ထုတ်လုပ်ထားသည်။
  • Kwin App တွင် Ads (ကြော်ငြာထည့်သွင်းထားပြီး ရရှိသော အကျိုးအမြတ်များကို App များ ဖွံဖြိုးတိုးတက်ရေးနှင့် အများပြည်သူ အကျိုးစီးပွားအတွက် ထိရောက်သော နေရာများတွင် အသုံးချမည်ဖြစ်ပြီး ပြည်သူများအပေါ် မတရားပြုကျင့်မှုများကို တိုက်ဖျက်တွန်းလှန်ရန် ဆောင်ရွက်မည့်အဖွဲ့အစည်းများနှင့် မျှဝေ သုံးစွဲသွားမည်ဖြစ်ပါသည်။

အခြေအနေပေါ်မူတည်၍ Terms & Conditons ကို အခါအားလျော်စွာ ပြောင်းလဲ ပြင်ဆင်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်

အကူအညီ လိုအပ်ပါသလား?

kwin.assistant@gmail.com

လုံခြုံမှု တိုင်ကြားရန်

သံသယရှိသော လင့်ခ် တိုင်ကြားရန်